အနာတကထိပ်ခေါင် နာကျင်တာတောင်
အပြံးတစ်ဝက် မျက်ရည်စက်နဲ့
သေမင်းကိုပင် အံတုရှောင်ပြီး
အမေသားထွေး ပုလုကွေးကို
လောကအလယ်ခေါ်ခဲ့တယ်..
သားရဲ့ချေးသေးအညစ်ကြေးတို့
အမေ့ဝမ်းထဲ ဝင်ခဲ့တယ်..
ဒေါသကင်းကင်းချစ်ခြင်းများနဲ့
ပညာတွေလည်းပေးခဲ့တယ်..
အမေ့အိမ်လေးရောင်းချပေးပြီး
တင့်တင့်တယ်တယ် ကြင်ရာသည်နှင့်
လက်ထပ်ပွဲကို ဂုဏ်ရှိန်တိုးအောင်ဆောင်ခဲ့တယ်..
တန်းဖိုးကြီးမား ပစ္စည်းများနှင့်
လုပ်ငန်းတွေလည်းပိုင်ခဲ့တယ်..
ဇနီးမယားမြေးသားစုံလင်ပျော်ရွှင်ချိန်မှာ
အမေကတော့အခန်းကျဉ်းလေးထဲ ခေါ်သူမဲ့လို့
ရင်ထဲကြိတ်ကြိတ်ငိုခဲ့တယ်..
အမေအိုချိန်သားလေးအိမ်မှာ
အားလုံးမျက်နှာချိုကြည်သာမှ
ထမင်းဝဝစားရဲတယ်..
သားမျက်နှာလေးကြည့်ပြီးအေးမြ
အမေ့ဘဝချမ်းမြပျော်ရွှင်ကြည်လင်ပါလည်း
နှလုံးရှိုတ်သံငြံခဲ့တယ်..။
ဂျူး
No comments:
Post a Comment